ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော

ချောင်းဆုံ ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် (ပြန်/ ဆက်၊ အား/ ကာ)ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီကချောင်းဆုံမြို့နယ် မုရစ်ကြီး(မူလွန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက လွတ်လပ်ရေးနေ့စတင်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများကိုလည်းကောင်း၊ (အား/ ကာ)ဌာနမှ ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးကလူငယ်များနှင့် ပတ်သက်ပြီး၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊  ဟောပြောခဲ့သည်။

ထို့နောက် (ပြန်/ ဆက်)ဌာနမှ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဖြင့်၊ နိုင်ငံ့ခေါင်းဆောင်ကြီးများမှ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ၊ ပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်းနှင့် ဟောပြောပွဲတွင်ကျောင်းသား/ သူ(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ( ပြန်/ဆက်)