အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မှီ မီးငြိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၄ နာရီက River View ပေါ်တွင် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
Oct 20,2022
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ခရိုင်ပြန်ဆက်ဦးစီးဌာနရုံး လူထူအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Oct 20,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီက လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)တွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Oct 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။