ပုဇွန်တောင် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များတို့ပူးပေါင်း၍ ယာဉ်မောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးစာစောင်ပေးဝေခြင်း၊ အနှေးယာဉ်များ(လူစီးဆိုက္ကား)၊ စက်ဘီးများကို ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်များတပ်ဆင်ပေးခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများ သိရှိရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်