Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးကောင်းမြို့၌ စပါးဂိုဒေါင်အဟောင်းတစ်လုံး မီးလောင်မှုဖြစ်ပွား
Oct 20,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်အုပ်စု၌ အောက်တိုဘာ ၁၉ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် လူစောင့်မရှိဘဲအမှိုက်မီးရှို့ထားရာမှ အနီးနားရှိဝါးထရံသို့ မီးကူးစက်ပြီး စပါးဂိုဒေါင်ဟောင်းတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး
Oct 20,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဝန်းကျေးရွာတွင် ၂ လက်မ PVC (၅၀၀၀)ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများ ပြီး စီးမှု၊ ရွှေပြည်ကျေးရွာတွင် အချင်း ၄ လက်မ အနက် ၃၀၀ ပေ စက်ရေတွင်း၊ ဂါလံ (၂၄၀၀) ဆံ့ စင်မြင့် ရေစင်နှင့် ၁၀' x ၈' x ၈' ပေ ရေစက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ မိုးကောင်းကြီးကျေးရွာတွင် အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ၊ အရှည် ၁ မိုင်ရှိ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုတို့ကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပိုက်တီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ
Oct 20,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ လူစည်ကားရာနေရာများတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ နံနက် (၁၀)နာရီက နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းဖွဲ့များ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဆားမလောက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ထားဝယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရတနာတိုးအချွန် ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်လုပ်လက်စား ပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဆန်ဝယ်ယူ စားသုံးနိုင်စေရန် ရည်ရွယ်၍ ရတနာတိုး အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အ.မ.က(၁၇) မူလတန်းကျောင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15275
Page
15276
Page
15277
Page
15278
Current page
15279
Page
15280
Page
15281
Page
15282
Page
15283
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department