ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်တုန်း အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းဖွဲ့များ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဆားမလောက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိရေး အသိပညာပေး သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်း‌ဘေး၊ ငလျင်‌ဘေးနှင့် မီးဘေးကာကွယ်ရေးစသည့် အကြောင်းအရာများကို လည်းကောင်း၊ ဆားမလောက်ကျေးရွာ မီးသတ်စခန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့ သရုပ်ပြခြင်းနှင့်  သိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)