Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတမြို့နယ်၌ ဆရာ၊ဆရာမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တာဝန်ခံဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က စတင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမနှင့် အထက ၃ ပြည်ထောင်စု ခန်းမတို့၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်
Oct 23,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှု နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန် ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက တရုတ္တန်းညောင်ဝိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် မိုးစပါးဧရာမင်းမျိုးသန့်ထုတ်(၅)ဧကစံပြကွက်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း
Oct 23,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေး တောင်သူများသည်ယခင်က မိမိတို့၏ လယ်မြေများတွင် စပါးများဖြစ်ထွန်းမှုနည်းပါး၍ ယခုအချိန်တွင် အထွက်နှုန်းကောင်းသည့် ဧရာမင်းစပါးမျိုးသန့်ကိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်ထွန်းမှုအောင်မြင်လျက်ရှိကြောင်း မြို့မရပ်ကွက်နေ ဧရာမင်းစပါးစိုက်ပျိုးသည့်တောင်သူ ဦးသံချောင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့ အမှတ်(၆)ရပ်ကွက် IDP စခန်းတွင် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်
Oct 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆)ရက်ကွက် IDP စခန်းတွင် ယနေ့နံနက် (၉)နာရီအချိန်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်းနှင့်မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Oct 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီလွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ဆောင်ရွက်ခြင်းနှင့်မဲရုံ လျာထား သတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်
Oct 23,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန့်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးရုံးဝန်ထမ်းအိမ်ယာ၌ ဖွင့်လှစ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ခရမ်း၌ပြုလုပ်
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခမ်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15214
Page
15215
Page
15216
Page
15217
Current page
15218
Page
15219
Page
15220
Page
15221
Page
15222
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department