အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌  ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်း လတ်ဆတ်သော အသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၆ နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အနော်ရ ထာလမ်း(၅၄ လမ်းတိုထိပ်)တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားစာဖတ်ဝိုင်းဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2022
ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍  ကောင်းကျိုးများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်၊ မြဝတီခရိုင်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
Oct 23,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစား အဆင့်မြှင့်သင်တန်းဆင်းပွဲကို မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 23,2022
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပညာရေးမှူးရုံးက စီစဉ်ဖွင့်လှစ်သောကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးနှင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ကျင်းပခဲ့သည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်အတူ ယမန်နေ့  နံနက် (၇)နာရီအချိန်တွင် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေးအသိပညာပေး( Mask Camapaign)ကိုယနေ့နံနက် (၈)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များ နှင့်အိမ်မဲကြီး‌ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေးအသိပညာပေး( Mask Camapaign)ကိုယနေ့နံနက် (၈)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များ နှင့်အိမ်မဲကြီး‌ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။