Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြသပွဲအောင်မြင်စွာကျ…
Oct 23,2022
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့နံနက် ၁၁ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်လုံးဆိုင်ရာ မဟာနာယက သြဝါဒါစရိယဆရာတော်ကြီး များ ကြီးမှူးကျင်းပအပ်သော သတ္တမအကြိမ် သဒ္ဓမ္မာလင်္ကာရစာမေးပွဲ စာအောင…
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်လုံးဆိုင်ရာ မဟာနာယက သြဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပအပ်သော သတ္တမအကြိမ် သဒ္ဓမ္မာလင်္ကာရစာမေးပွဲ စာအောင်ဆုနှင်း သဘင်ဝိဇယမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ၊ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက် သဒ္ဓမ္မဇောတကဓမ္မာရုံတော်ကြီး တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၌ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထက(၁)မအူပင်မြို့ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Oct 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အထက(၁)၊ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွ…
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ကြက်ခြေနီအသင်း ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသူများအား တစ်ကိုယ်ရည်သုံးပစ္စည်းများ လှူဒါန်း
Oct 23,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံး Quarantine Centre ရှိ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း(တာချီလိတ်မြို့)မှ တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီးစားသုံးမှုဖူလုံစေရေး ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံစုံ ၂၀၉၃၈၆ ဧကစိုက်ပျိုးလျက်ရှိ
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စုစုပေါင်း ၁၀၉၁၇၃ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့နှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးန…
Oct 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဝင်းစိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15166
Page
15167
Page
15168
Page
15169
Current page
15170
Page
15171
Page
15172
Page
15173
Page
15174
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department