အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဒေသအတွင်း အမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ အမျိုးသမီး အိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာ အထကခန်းမတွင် ကျင်းပခဲ့သည်။
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တွင်းလမ်းမများနှင့် ရပ်ကွက်လမ်းများတွင် ပြည်သူများနှင့်ယာဥ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းများ ခင်းကျင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရေး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်၊ ပဒုမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်ချောထုတ်လုပ်နိုင်မှု စွမ်းအားများ ယခင်ကထက် ပိုမိုမြင့်မားတိုးတက်လာစေရန်အတွက် ရည်ရွယ်၍
Oct 25,2022
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။