အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိုးစပါးတွင် အဓိကကျ​ရောက်တတ်သည့် ဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းလမ်းများအ​ကြောင်း အသိပညာ‌ပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Oct 26,2022
ဘားအံတက္ကသိုလ်တွင် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ရမ်ပူကျေးရွာတွင် ကျေးလက်မီးလင်းရေး 11KV ဓာတ်အားလိုင်း တစ်မိုင်နှင့် 11/4KV(200)KVA ထရန်စဖော်မာဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဖွင့်လှစ်ကြောင်း သိရသည်။
Oct 26,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ (၃) ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့​သည်။
Oct 26,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပိန်းတန်းရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီ အချိန်က ကဒပ္ပနကျေးရွာအတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 26,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၂၈) ရပ်ကွက်၊ သခင်ထွန်းအုပ်လမ်းနှင့် အုပ်ချုပ်ရေးရုံးလမ်းထောင့်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။