ရွှေဘို အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိုးစပါးတွင် အဓိကကျရောက်တတ်သည့် ဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းလမ်းများအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမင်းကရွှေဘိုခရိုင်သည် နွေစပါး၊ မိုးစပါးမျိုးကောင်းမျိုးသန့်များကို အများဆုံးစိုက်ပျိုးလျက်ရှိရာ၊ စပါးခင်းများတွင် အဓိကဖျက်စီးတတ်သည့် ဆစ်ပိုးအမျိုးအစားများ၊ စပါးစစ်ပိုး၏ဘဝစက်ဝင်း၊ စပါးမစိုက်ပျိုးမီလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တိုက်ရိုက်စိုက် (သို့မဟုတ်)ပြောင်းရွှေ့စိုက်ချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Time of infestation (ကျရောက်သည့်အချိန်) ပျိုးခင်းမှရိတ်သိမ်းချိန်ထိ၊ Symptoms (ဖျက်ဆီးပုံလက္ခဏာများ) ဆစ်ပိုးဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်