အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေးအလှူရှင်များစုပေါင်း၍ သံဃိကအဖြစ် ရည်စူးလှူဒါန်းသည့် တိပိဋသန္တာဝါသ “ဉာဏ်ဝေယံ” ကျောင်းဆောင်ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ယနေ့တန်ဆောင်မုန်းလ ပြည့်နေ့တွင် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Nov 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။
Nov 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ - ဆုတောင်းပြည့်ဘုရားကြီးအား( ၁၃၈၄ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့) ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်၌ မသိုးသင်္ကန်းရက်ကန်းခတ်ကပ်လှူပူဇော်ခြင်း၊ နံနက် ၅  နာရီတွင် သံဃာတော်အရှင်သူမြတ်တို့မှ ဘုရားကြီးအား အနေကဇာတင်ခြင်း ၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့အား ကျင်းပပြုလုပ်ခဲ့သည်။
Nov 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ရွှေသင်္ကန်းကွပ်တော်ရတနာမြတ် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော် ခန်းမဆောင်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ ကျိုက္ခမီမြို့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
Nov 07,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄) ရက် မှစ၍ မြို့မပရိယတ္တိစာသင်တိုက်၊ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  
Nov 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာရေးကျောင်းများနှင့် ရပ်ဝေးရပ်နီးမှအလှူရှင်များစုပေါင်းပြီး အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။