အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၄ နာရီ၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တာမထေရ်မြတ်ကြီး တည်ထားရာကျောင်းဆောင်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင်  ကျင်းပသည်၊၊
Nov 07,2022
၂၀၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
Nov 07,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်တန်းသာသနာပြု ကျောင်းတွင် ကျင်းပခဲ့သည်။
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီး (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ကျင်းပရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မောင်ငံမြစေတီကျောင်း စာသင်တိုက်ဦးစီးပဓန၊ နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိဗလဗုဒ္ဓိ အမှူးပြုသော ဆရာတော်သံဃာတော်များ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်သူများတက်ရောက်ကြသည်။
Nov 07,2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကျင်းပလျက်ရှိသည်။
Nov 07,2022
နှစ်စဉ်ရိုးရာမပျက် ပြုလုပ်ကျင်းပမြဲဖြစ်သော ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ် (၂၀) မြောက် မြတ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ဘုရားကြီးဝင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 07,2022
သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) တွင် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။