အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခန်းမတွင်ကျင်းပခဲ့သည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ယမန်နေ့ည (၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့)  ၇ နာရီခွဲအချိန်မှ စတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ကြကြောင်း ရွှေစည်းခုံဘုရားကြီးတွင်လည်း ဆီမီး ၁၂၀၀၀ ကပ်လှူပူဇော်ကြကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။
Nov 08,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယမန်နေ့နံနက် ၁၀နာရီ မိနစ်၃၀က ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဘိုးဘွားရိပ်သာ၌ နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး၊ ပါဒကြီးကျေးရွာ၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာ အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များမှ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ လှည့်လည် အပူဇော်ခံ ကြွရောက်ခြင်းကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီက မြို့တွင်းလှည့်လည်အပူဇော်ခံ ကြွရောက်ခဲ့သည်။
Nov 08,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁ဝ)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ (ပထမနှစ်၊ ဝိဇ္ဇာ/သိပ္ပံ) သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08,2022
တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် ပြင်ဦးလွင်မြို့ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် လာရောက်လည်ပတ်သူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
Nov 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နောင်ယန်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ် ကျင်းပခဲ့ကြောင်းသိရှိရသည်။