အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်၍ လူဦးရေစာရင်းဆိုင်ရာ အချက်အလက် များ ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံးတွင် မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ရုံးမှ တာဝန်ရှိ သူများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်းကာ ဇန်နဝါရီလကုန်အထိ စာရင်းဇယားများ အောင်မြင်စွာ ကောက်ယူဆောင်ရွက်နိုင်ခဲ့သည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့် G-5 (စတုတ္ထတန်းသင်ရိုးသစ်)နှင့် အလယ်တန်းအဆင့် G-9(အဌမတန်း သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ မင်္ဂလာဇေယျုံ ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်း များက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က ဒလမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သမဝါယမရုံးသို့ သွားရောက်ပြီး စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခဲ့သည်။
Feb 24,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Feb 24,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း မိသားစုအပိုဝင်ငွေ ရရှိစေရန် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကိုး မွေးမြူကြကြောင်း သိရသည်။
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။