အမြို့မြို့အနယ်နယ်သတင်းများ

Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူလတန်းနှင့်အလယ်တန်းအဆင့် ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယ‌နေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန ၊ကလေးစာဖတ်ခန်းအတွင်း၌ပြုလုပ်ပေးခဲ့သည်။    
Feb 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်း ဖြေဆိုလျက်ရှိပြီး နောင်ချိုမြို့နယ် အနေဖြင့်လည်း စာစစ်ဌာနများခွဲ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် Grade(5) သိပ္ပံဘာသာရပ်နှင့် Grade(9) ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 27,2023
မန္တလေးတက္ကသိုလ်တွင် ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့မိမြို့ဖများ၏ စတုတ္ထအကြိမ်ပညာရည်ချွန်ရွှေတံဆိပ်ဆုဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
Feb 27,2023
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံလမ်းရှိတက္ကသိုလ်၏ မဉ္ဇူသကခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊မြို့ကွက်သစ် လမ်းသွယ်အမှတ် (၃) (၄)တို့အား ကွန်ကရစ်ခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုများဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် တန်းပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ များအား ပညာဒါနအနေဖြင့် ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက ပညာဒါနသင်ကြားပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်မှ စတင်၍ သင်ကြားပေး လျက်ရှိသည်။
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ မတ် ၁ ရက်အထိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
Feb 27,2023
ချမ်းအေးသာစံမြို့နယ်(အဋ္ဌမအကြိမ်)သံဃာ့ဝန်ဆောင်အဖွဲ့ (ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါမြို့နယ်ရှိ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တော်တွင် ကျင်းပရာမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရအမှူးပြုပြီး မြို့နယ်ဩဝါဒစရိယဆရာတော်များ၊ စာအောင်သံဃာတော် များ မြို့နယ်အုပ်ချုပ်ရေးမှူးဦလှထွဋ်၊ မြို့နယ်သာသနာရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်မြင်သူများ၊ အလှူရှင်များ၊လူမှုရေးဘာသာရေးအသင်းအဖွဲ့ဝင်နှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။