အမြို့မြို့အနယ်နယ်သတင်းများ

Feb 27,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို အသက်(၅)နှစ် မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျက်သရေဆောင် ရှေးဟောင်း သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန် ၉ ရက်၊ ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်း ပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်း ကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
Feb 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်​/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ယ​မန်နေ့ နံနက် ၉ နာရီချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်ခဲ့ရာ စည်ပင်သာယာရုံးမှအမှု​ဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် အားထားလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်တွင် ကျေးရွာရှိ ဒေသခံတောင်သူအချို့က မြေအောက်ရေဖြင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ်လုပ်ကိုင်လာ ကြကြောင်း အဆိုပါ ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁) နာရီခွဲက ဆူးကလပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။