Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းစုမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ငွေ (၁၂၃၉၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်
Mar 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ်(၃)သောင်း ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွား (၄၁၃) ဦးအတွက် ငွေ(၁၂၃၉၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် အစည်းအဝေး ပြုလုပ်
Mar 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ယနေ့ နံနက်( ၁၀)နာရီချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား နွေးထွေးစွာကြိုဆို
Mar 01,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် အထူးကု ဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၁ ရက်နေ့နှင့် မတ်လ(၂)ရက်နေ့များတွင် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် (အခမဲ့) ဆေးကုသပေးရန် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရခိုင်လှပျိုဖြူ လေးများ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များနှင့် ပြည်သူများက အိုးစည်ဒိုးပတ်များဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပို့ချသွားမည်
Mar 01,2023
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျေးရွာများတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများအောင်မြင်လျက်ရှိကြောင်းနှင့် ခရမ်း ချဉ်သီးနှံသည် စိုက်ပျိုးရန်အတွက် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦးမှ ပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း ဆောင်ရွက်ပေး
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ယနေ့နံနက်(၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Mar 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ
Mar 01,2023
ကြိုတင် သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉နာရီမှ ညနေ ၄နာရီခွဲအထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( အထက်မြန်မာပြည်ဌာနခွဲရုံး)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13211
Page
13212
Page
13213
Page
13214
Current page
13215
Page
13216
Page
13217
Page
13218
Page
13219
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department