အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငရံ့ချောင်းကျေးရွာသို့ သွားရောက်၍ နွားကောင်ရေ (၃၂၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။
Mar 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးစီးကြောင်း သိရသည်။
Mar 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကရင်စာပေနှင့်ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှုမပျောက်ကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင်ယနေ့ နံနက်( ၁၀)နာရီချိန်က ကျင်းပပြုလုပ်သည်။
Mar 01,2023
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မရမ်းကျေးရွာ ကိုးနဝင်းကျောင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအခြေအနေအနေအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။
Mar 01,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အတန်း၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်၍  အခြေခံပညာကျောင်းများအလိုက်  ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁ ရက်တွင်  အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။