အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 01,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံကြက်သွန်နီ စိုက်ပျိုးရောင်းချသူတောင်သူ တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြက်သွန်နီဈေးကောင်းမွန်သည့်အတွက်  အဆင်ပြေလျက်ရှိသည့်အတွက် နွေကြက်သွန်အများအပြား ဆက်လက်စိုက်ပျိုးထားလျက်ရှိကြောင်းသိရှိရသည်။
Mar 01,2023
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အကြိုလှုပ် ရှားမှုအဖြစ် မကူးစက်တက်သော ရောဂါများနှင့် မျက်စိအခမဲ့စမ်းသပ်ကုသမှုအစီအစဉ် အခမ်းအနားကို ဖေဖော်ဝါရီ(၁)ရက်၊ နံနက်ပိုင်းစ၍ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ကလေးကုသဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Mar 01,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်း က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ် ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် စတင်ထုတ်ပေးလျက်ရှိသည်။
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍  တောင်သူလယ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ်၁နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။