စစ်ကိုင်း မတ် ၁
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အကြိုလှုပ် ရှားမှုအဖြစ် မကူးစက်တက်သော ရောဂါများနှင့် မျက်စိအခမဲ့စမ်းသပ်ကုသမှုအစီအစဉ် အခမ်းအနားကို ဖေဖော်ဝါရီ(၁)ရက်၊ နံနက်ပိုင်းစ၍ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ကလေးကုသဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မျက်စိအခမဲ့စမ်းသပ်ကုသမှုအစီအစဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာချောနန္ဒီ က "မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃) အကြိုလှုပ် ရှားမှုအဖြစ် မကူးစက်တက်သောရောဂါများနှင့် မျက်စိအခမဲ့စမ်းသပ်ကုသမှု အစီအစဉ်ဖြစ် ပါတယ် ဝန်ထမ်းနဲ့ဝန်ထမ်းမိသားစုတွေကို ကျန်းမာရေးစစ်ဆေးပေးခြင်းဖြစ်ပါတယ် ကျန်းမာရေး စစ်ဆေးတဲ့အခါမှာ ကိုယ်အလေးချိန်တိုင်းတာတယ်၊ သွေးပေါင်ချိန်တယ်၊ သွေးစစ် ပေးတယ်ပေါ့ နောင်(၁၀)နှစ်အကြာမှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေတွက်ချက်ပြီး တော့လည်း ကျန်းမာရေးပညာပေးခြင်းကိုလည်း တစ်ဆက်တည်းဆောင်ရွက်ပေးခဲ့ပါတယ်၊ ဒါ့အပြင် မျက်စိစမ်းသပ်ဖို့ လိုအပ်မဲ့ ဝန်ထမ်းနဲ့ဝန်ထမ်းသား/ သမီးများကိုလည်း အမဲ့စမ်းသပ်ပေးပါတယ် ယနေ့ ဆိုလျှင် ဝန်ထမ်းနဲ့မိသားစုဝင်(၃၀၀)ကျော် ကိုစမ်းသပ်ပေးသွားမှာပါ" ဟုပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဆင့်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့်တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်