အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2023
ကျိုက်မရောမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်အောက် ကလေးငယ်များအားလုံး ကျန်းမာ ပျော်ရွင်စွာ ကြီးပြင်းလာစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက လစဉ်မွေးကင်းစအရွယ်မှစတင်၍ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အဋ္ဌမတန်း(Grade- 9) ကျောင်းသား/ သူများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်ကစတင်၍ သက် ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပခဲ့ရာ ယနေ့နံနက် ၁၁ နာရီချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
Mar 01,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဋ္ဌာန၊ ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ အခြေခံအားကစားနည်းစနစ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်များ၌လည်း အားကစားနည်း(၅)မျိုးကို ဖွင့်လှစ်သင်းကြားပေးသွားမည်ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ သိရသည်။
Mar 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Mar 01,2023
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ ဘွားများအား တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အဖိုးအဖွား (၁၂၃၆)ဦး တို့အား ထောက်ပံ့ ပြီးစီးခဲ့ကြောင်း သိရ သည်။
Mar 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစ(၂)လမှ အသက် (၁)နှစ်ခွဲအောက်ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးများထိုး နှံခြင်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ လဟယ်မြို့မိခင်နှင့် က‌လေးကျန်းမာရေး ဌာနရုံး၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 01,2023
မန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာများဖြစ်သော ကူရွာကျေးရွာ၊ တောင်လုလင်ကျေးရွာ၊တမာကုန်းကျေးရွာများသို့ လည်ပတ်ရန်ပုံငွေများ စက်ဝန်းအလိုက် ပြန်လည် ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းနှင့် ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Mar 01,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် ဆရာဆရာမများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(မှော်ဝမ်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။