အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်နေ့မှစတင်ကာ ဘီးလင်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 01,2023
သံဖြူဇရပ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ရုံးဝန်ထမ်းများ စာရင်းဇယားဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ရာတွင် မှားယွင်းမှုမရှိစေရန် ရည်ရွယ်၍  စာရင်းကိုင်နှင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၁၀)အချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခမ်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံပိုလျှံရေး ပန်းတိုက်အထွက်နှုန်း ရရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Mar 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 01,2023
မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများအား အကြမ်းဖက်မှု / လူကုန်ကူးမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုအတွင်း၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 01,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GISနည်းပညာကို အသုံးပြုပြီး မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းလုပ်ငန်းအား ယမန်နေ့မှစတင် ဆောင်ရွက်လျက်ရှိသည်။