Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တပေါင်းပွဲတော် အသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ၊ လာမည့်မိုးရာသီတွင် မိုးသီးနှံများအတွက် ချေးငွေထုတ်ချေးပေးရန် လိုအပ်ပါက နိုင်…
Mar 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး ဂန္ဓကုဋီ တိုက် ပရဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဓမ္မဝါသီကျောင်းဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော သေဋ္ဌမာရ်အောင်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဋ္ဌနဘဏက သံဃာတော် ၁၆ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ဘုရားစေတီများတွင် ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကား
Mar 05,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ပြည်သူများမှာ ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်၌ ကျင်းပသည့် (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်
Mar 05,2023
မွန်ပြည်နယ်အဆင့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသူ/သားများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငွေဆွမ်းလောင်းလှူပွဲကျင…
Mar 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ
Mar 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု ၊မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့အဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေပြေးကားကွင်းသွားလမ်း၊ လမ်းမကြီး တစ်လျှောက်တွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင်အပါး (၁၃၀၀)အား မူဆယ်မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပေါင်းလပြည့်နေ့ မန္တလေးမြို့ရှိ ဘုရား၊ စေတီပုထိုးများနှင့် အထင်ကရနေရာများတွင် ပြည်သူများဖြင့် စည်ကား
Mar 05,2023
တပေါင်းလပြည့်နေ့တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများက လာရောက်ဖူးမြှော်ကြည်ညိုခြင်း၊ အထင်ကရနေရာများနှင့် အပန်းဖြေနေရာများတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ခြင်းများဖြင့် စည်ကားလျက်သည်။
အပြည့်အစုံ ဖတ်ရန်
သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ
Mar 05,2023
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင်လေးဆူဓာတ်စံရွှေစာရ ံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (၂၁)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ တင်ပွဲတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13127
Page
13128
Page
13129
Page
13130
Current page
13131
Page
13132
Page
13133
Page
13134
Page
13135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department