Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လွိုင်လင်မြို့ အနန္တဇိနလောကချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲ ကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ လွိုင်ဆိုင်တောင်၊ မဟာထူပါရုံတောရကျောင်း၊ အောင်တော်မူ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲကို ၁၃၈၄ ခုနှစ် ၊ တပေါင်းလပြည့်နေ့ ယမန်နေ့ နံနက်(၈)နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး…
Mar 05,2023
တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယမန်နေ့နံနက် ၈:၃၀နာရီက ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်က္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သောင်းသာင်းဖြဖြကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ…
Mar 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရားပြည့်စုံထက်သန်မှု၏ ပြယုဂ်အဖြစ်တည်ရှိပြီး သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသော မြို့နယ်တစ်ခု အနေဖြင့် ရေရှည်စည်ပင်သာယာဝပြောမှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ဌာပနာတော်များ ထည့်သွင်းလှူဒါန်းပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈) နာရီက ကျင်းပပြုလုပ်ခဲ့ရာ သြဝါဒါစရိယဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် ဆွမ်းတော်ကြီး…
Mar 05,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားကြီး၌ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ယနေ့ (တပေါင်းလပြည့်နေ့) တွင် ဘုရားရင်ပြင်ပေါ်၌ စည်ကားများ ပြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်
Mar 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြိုနယ်တွင် အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သား (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မွေးမြူထားသော တိရစ္ဆာန်များအား ကျန်းမာရေးပြုစု စောင့်ရှောက်နိုင်ရေးအတွက် အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း(၁/၂၀၂၃)ကို မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့ရှိ အောင်တော်မူစေတီတော်ကြီး၌ ဗုဒ္ဂ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနား ကျင်းပ
Mar 05,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်၌ တည်ထားလျက်ရှိသည့် အောင်တော်မူစေတီမြတ်ကြီး ဘက်စုံမွမ်းမံ ပြင်ဆင်ပြီး၍ ဗုဒ္ဂ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၅)နာရီအချိန်က စေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်း ဘုရားအနေကဇာတင်လှူတော်မူခြင်းနှင့် ထီးတော်တင်မင်္ဂလာ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်…
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုတ်ပွားတော်များနှင့် စေတီပုထိုးတော်များအား ဘုရားအနေကဇာတင်လှူတော်မူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13129
Page
13130
Page
13131
Page
13132
Current page
13133
Page
13134
Page
13135
Page
13136
Page
13137
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department