အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2023
ရမည်းသင်းမြို့နယ်၊ လှိုင်အုပ်စု ဆည်တိုကျေးရွာ ထောင့်ကြန်ချင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ အလျား၈၀ပေ×အနံ ၅၀ပေသွပ်မိုး ပျဥ်ကာ ၂ ထပ် ကျောင်းဆောင်မှာ ယမန်နေ့ မွန်းလွဲ၂နာရီခွဲခန့်အချိန်၌ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းက သတင်းရသည်။
Mar 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူတို့ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အိမ်ယာဝန်း (စက်ဆန်း) ၌ ယမန်​နေ့ ညနေပိုင်းက မြို့နယ်မီးသတဦးစီးဌာန၊ တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမှုများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 06,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက်ဘုရာကြီးကုန်းပေါ်တွင် (၆၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကိုကျင်းပခဲ့ကြောင်း သိရသည်။
Mar 06,2023
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)တွင် တည်ထားကိုးကွယ်တော်မူသော ဇိနမာရ်အောင် လွတ်လပ်ရေးအောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား)တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တပေါင်းလပြည့်နေ့ ယမန်နေ့ နေ့လယ် ၂ နာရီခွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 06,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီက ရေဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်နှင့် သ‌န္ဓေမီးသတ်တပ်ဖွဲ့၀င်များသည် စာစ်ဌာနမီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Mar 06,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့်
Mar 06,2023
မန္တလေတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တပေါင်းလပြည့်နေ့၌ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးများတွင် ပြည်သူများ  ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများပြုလုပ်သည့် အလေ့အထများ ရှိကြသည်။