သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 14,2023
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ ဆေးရုံပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း
စလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 14,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာစျေးအတွင်း အပြင် စျေးဆိုင်များနှင့် စျေးရောင်းစျေးဝယ်ပြည်သူများနှင့် မင်းဘူး-စလင်း ကားလမ်းမပေါ်တို့တွင် ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့်နေရာများနှင့် သန့်ရှင်းရေးဆောင်ရွက်မည်နေရာများအား ကြည့်ရှုစစ်ဆေး
Oct 14,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြီး ပြိုကျပျက်စီးခဲ့သည့် ပျဉ်းမနားမြို့၊ ရန်အောင်-၁ ရပ်ကွက်၊ လယ်တီစံကျောင်းတိုက် အုတ်တံတိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ရွာကောက်ရပ်ကွက်တွင်းရှိ ဂန္ဓမာလမ်းနှင့် စံပယ်လမ်းထောင့်ရှိ ရေတိုက်စား၍ ပျက်စီးနေသည့်လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
လွိုင်လင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် မော်တော်ယာဉ်အသုံးပြုသူများ၊ ဆိုင်ကယ်စီးနင်းသူများ၊ စက်ဘီးစီးနင်းသူများနှင့် ခြေလျင်လျှောက်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လမ်းဦးစီးဌာနမှ ဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၀၈:၃၀)နာရီက တောင်ကြီးမှ လွိုင်လင်မြို့အဝင် တိုးဂိတ်နှင့် လွိုင်လင်မြို့မဈေးကြီးရှေ့ နာရီစင်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ရပ်စောက်မြို့နယ် ကျောက်တောခေတ်မီစံပြကျေးရွာ၌ မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Oct 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော ခေတ်မီစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို အောက်တိုဘာ ၁၁ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး(၅၆၇၈)ဧက စိုက်ပျိုးပြီးစီး
Oct 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး(၅၆၇၈)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြစံက ပြောပြ၍ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ခရီးစဉ်လမ်းညွှန်မှုနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။