သတင်းများ

သံဖြူဇရပ်မြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
May 11,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မေ ၁၁ ရက်နေ့မှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည်။
လှိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ‌မေလ (၉) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေ
May 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်မရောမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 11,2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စု၊ သိမ်ဖြူကုန်းကျေးရွာတွင် ကျေးရွာမြေငှားဂရန်ချပေးရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဖြန့်ဝေပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ကလေးမြို့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဒေသခံစိုက်ပျိုးရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းများအား တွေ့ဆုံ
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၀ ရက်နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာရပ်ကွက်ရှိ ကွင်းအမှတ် ၆၆/က၊ တောင်သူ ဦးအဲလင်း စိုက်ပျိုးထားရှိသည့် ဆင်းသုခနွေစပါး ၅ ဧကအတွင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။
သာယာဝတီခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီမှ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 11,2026
သာယာဝတီခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ကျင်းပသည်။
ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာတွင် မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး
May 11,2026
မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တက်သောရောဂါများ ဖြစ်ပွားမှုလျှော့ချရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျိုက်ထော်‌ကျေးရွာဈေးကြီး အတွင်း / အပြင်၌ အစားအသောက်ရောင်းချသောဆိုင်များအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။