သတင်းများ

စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေများ တိုးပွားရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းတည်ထောင်မည့်သူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Aug 16,2025
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီက အမှတ်(၆၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနာကျင်းပ
Aug 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အသက်(၃)နှစ်မှ(၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Aug 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့နယ်‌ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။
ညောင်ရွှေမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်
Aug 16,2025
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ရေအနည်းငယ်နစ်မြှုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကြည့်ရှုအားပေး
Aug 16,2025
လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်နေပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်က အောင်သီဟရပ်ကွက်၊ မင်္ဂလာဂန္ဓာရုံကျောင်းတိုက်ဓမ္မာရုံ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေး သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၅) အစည်းအဝေးတက်ရောက်
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၅) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။