သထုံမြို့ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ ဝါတွင်းဓမ္မသဘင် ဆင်ယင်ကျင်းပ
Jul 10,2025
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါတွင်းဓမ္မသဘင်ပထမနေ့ကို (ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့) မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဒက္ခိဏဒီပံဓမ္မဗိမာန်တော်ကြီး၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။