သတင်းများ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 15,2025
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အိမ်မဲမြို့နယ် အ.လ.က လက်ပံကုန်းကျောင်းတွင် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Jul 15,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို လက်ပံကုန်းကျေးရွာ အ.လ.က လက်ပံကုန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှကြီးမှူးဖွင့်လှစ်သည့် သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံရာနေရာသို့ အချိန်နှင့်တပြေးညီ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားမှုတို့ကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံရာနေရာသို့ အချိန်နှင့်တပြေးညီ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းဆင်းအသိပညာပေးခြင်းဆောင်ရွက်
Jul 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား စိုက်နည်းစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်ရရှိရေးအတွက် ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အ.ထ.က (၁)၊ စန္ဒိမာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာနှင့် ခင်ဝိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရေး၊  ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။