သတင်းများ

ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်ရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲ၊ ဝသန်မိုးသီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 17,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝသန်မိုးသီချင်းဆိုပြိုင်ပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
မက်မန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓာတ်အားတိုးဆေး၊ ဗီတာမင်ဘီဝမ်းဆေးပြားတိုက်ကျွေးခြင်းနှင့် ၅ နှစ်အောက်ကလေးငယ်များအား VITAMAN A အားဆေးတိုက်ကျွေး
Aug 17,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓာတ်အားတိုးဆေး၊ ဗီတာမင်ဘီဝမ်းဆေးပြားတိုက်ကျွေးခြင်းနှင့် ၅ နှစ်အောက်ကလေးငယ်များအား VITAMAN A အားဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က မက်မန်းမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ မိုးစပါး ဧက ၄၆၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ သြဂုတ်လ (၁၆) ရက်နေ့အထိ မိုးစပါးလျာထားစိုက်ဧက ရှစ်သောင်းလေးထောင်ကျော်ရှိသည့်အနက် ဧကပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ငပုတောမြို့၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် ငပုတော၊ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 17,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး သြဂုတ်လ (၁၆) ရက်နေ့က ရခိုင်ရိုးကြီးကျေးရွာအုပ်စုနှင့် ငှက်သိုက်ကျေးရွာအုပ်စုသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၁) ဦးအား One stop Service ဖြင့် UID ကတ်ပြုလုပ်ပေး
Aug 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၁) ဦးအား One stop Service ဖြင့် UID ကတ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။