သတင်းများ

မြောင်းမြမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများပေးအပ်
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြရိုင်၊ မြောင်းမြမြို့နယ်၌ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် အထွက်တိုးမျိုး မိုးစပါးစိုက်ပျိုးသော သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးခြင်း အခမ်းအနားကို ဇူလိုင်လ (၂၄) ရက်နေ့မွန်းလွဲ ၁ နာရီက ကျုံဝါးကျေးရွာ၊ ၅မိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများသို့ ပြေးဆွဲမည့် မြို့တွင်းတော်ဝင် အမှတ် (၅) ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
Jul 26,2025
ဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများသို့ ပြေးဆွဲမည့် မြို့တွင်းတော်ဝင် အမှတ် (၅) ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းရှိ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တော်ဝင်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 26,2025
 ပြည်ထောင်စုနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
မိုင်းဆတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိပြည်သူများ ​ရေဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်းစဉ်များနားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ရှမ်း၊ မြန်မာ၊ အာခါ၊ လားဟူဘာသာတို့ဖြင့်ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက  ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မ)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဇူလိုင်လ (၂၄) ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုအားပေး
Jul 26,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ ဇူလိုင်(၂၆)ရက်နေ့နံနက်ပိုင်းက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများအား ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ‌ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ
Jul 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။