သတင်းများ

မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးထိုးနှံ
Jul 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ သတင်းစာဆရာ အသင်း(ယာယီ)ဖွဲ့စည်းခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သတင်းစာဆရာ အသင်း(ယာယီ)ဖွဲ့စည်းခြင်းနှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေး
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးလမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ် (၂)ခရိုင်ခြင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာဘောင်တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီအချိန်တွင် တစ်ပြိုင်နက်ထုတ်ပြန် ကြေညာ‌ပေးလျက်ရှိရာ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေး‌နေမှုအား ကျောင်းသား၊ ကျောင်းသူများ မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
Jul 29,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာယမန်နေ့ ညနေပိုင်းက ဒါရ်ကာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ခမောက်ကြီးမြို့၊ အ.ထ.က ခ‌မောက်ကြီးကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.ထ.က ခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၊ တိုက်နယ်ခုနစ်ခု၌ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးဖြစ်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်ခုနစ်ခု၌ ဇူလိုင်လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့အဝင်၊ မြို့အထွက်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ ဆောင်ရွက်လျက်ရှိသည်။