သတင်းများ

ကွမ်းခြံကုန်းမြို့နယ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၊ ကွင်းအမှတ် ၃၇၁၊ ဦးပိုင်အမှတ် ၁၅/၁၁၊ ဦးမြင့်ဦး၏ လယ်မြေ ၃ ဧက၌ မှော်ဘီ-၃စပါးပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်(နွယ်ဝတီ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jul 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စုရှိ မိုးစပါး စိုက်ခင်းများ မိုးရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်မှုမဖြစ်ပေါ်စေရေးနှင့် ရေချောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးစပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုး
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို ရေသောက်နည်းလမ်းများဖြင့် စပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
လေးမျက်နှာမြို့နယ် ခတ္တူ-ဘိသလွန်-ကရင်တော-ကတက်ကုန်းလမ်းပေါ်ရှိ တူးရိုးတံတား(ဒုတိယပိုင်း)တည်ဆောက်ခြင်းကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jul 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်  ခတ္တူ-ဘိသလွန်-ကရင်တော-ကတက်ကုန်းလမ်းပေါ်ရှိ တူးရိုးတံတား(ဒုတိယပိုင်း)တည်ဆောက်ခြင်းကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ညောင်ရွှေမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 20,2025
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၂၀) ရက်၊ နံနက် (၇) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွာသာကျေးရွာအုပ်စု ရွှေဓားဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၁) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများ ဆက်ကပ်လောင်းလှူ
Jul 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါနအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့နံနက် (၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်
Jul 20,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ပြုလုပ်ခဲ့သည်။