သတင်းများ

ပြင်ဦးလွင်မြို့နယ်တွင် Green Challenge Association၏ ၂၀၂၅ ခုနှစ် သတ္တမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Aug 20,2025
ဥတုရာသီ  ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည်သာယာစေရန် ရည်ရွယ်၍ Green Challenge Associationမှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင်နှင့်မြန်မာစာပေ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းတို့ ဦးဆောင်၍ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ် သတ္တမအကြိမ်မြောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျန်စစ်သားကျောင်း၊ လယ်ပြောင်းပြန်ကျေးရွာတွင် ကျင်းပခဲ့သည်။
ကော့မှူးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Aug 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို တာလမ်းသစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။
အမရပူရမြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Aug 20,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း သီးနှံဆယ်မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၉ ရက်နေ့က စတင်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
‎မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) ‎စာဖတ်ဝိုင်း ကျင်းပ
Aug 20,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ဒေသခံပြည်သူများအတွက် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 20,2025
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ဒရောက်ကူးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ခိုလမ်မြို့၊ အ.မ.က (နောင်ပိန်)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Aug 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပ
Aug 20,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြိုင်ပွဲဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျင်းပခဲ့သည်။