သတင်းများ

တပ်ကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကစားနည်းများ သင်ကြားပေး
Aug 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ကစားနည်းများ သင်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက ထောက်ပံ့ငွေများပေးအပ်ရခြင်နှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားခဲ့သည်။
ဆီဆိုင်မြို့(အ.ထ.က) ကျောင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
မူဆယ်မြို့တွင် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသ
Aug 21,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အ.လ.က(၁)နှင့် အမှတ်(၃) မူလန်းလွန်ကျောင်းများတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိ
Aug 21,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅နာရီက စတင်ထုတ်ပေးလျက်ရှိသည်။
ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ
Aug 21,2025
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Aug 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဖြတ်ထိုးဉာဏ်၊ စဉ်းစားတွေးခေါ်ဉာဏ်များ တိုးပွားလာစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို  ဩဂုတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ဘောလုံးအားကစား ပြိုင်ပွဲစတင် ဖွင့်လှစ်ကျင်းပ
Aug 21,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယ‌မန်နေ့ ညနေပိုင်းက ကျောင်းကောင်စီမှ ကြီးမှူး၍ ကျင်းပသော ဘောလုံးအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။