သတင်းများ

ရှားတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်တွင် တစ်အိမ် တက်/ဆင်း အဘိတ်(Abate)ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းဖွင့်လှစ်
Aug 11,2020
ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရန်မျိုးအောက်ရပ်ကွက်ရှိ အမှတ် (၃)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်သည်။
ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မြို့အတွင်း ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်​
Aug 11,2020
​ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းများတွင် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေမြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် Box Culvert ပြုပြင် ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းနှင့် ဘဏ်လမ်းထိပ်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လပွတ္တာမြို့တွင် လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ သြဂုတ်လအတွင်း လပွတ္တာမြို့တွင် ဖြစ်ပွားသော
ဗန်းမော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စတင်စိစစ်
Aug 11,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကို ယမန်နေ့နံနက်(၁ဝ)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။
အုတ်တွင်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်ပို့ချ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူး ကျင်းပသော လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ) တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၉၈) စက်မှုလယ်ယာစခန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင် အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 11,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်းများ ကပထားကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။