သတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဘားအံမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် CERP အစီအစဉ်ဖြင့် ( စက်ရက်ကန်း) ရက်ခတ်ခြင်း လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်
Aug 10,2020
ကရင်ပြည်နယ်၊ ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ( စက်ရက်ကန်း) ရက်ခတ်ခြင်းလက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယနေ့ နံနက် ၉နာရီခွဲက ဖွင့်လှစ်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၇၃)ဦး အား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်ပေး
Aug 10,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းဖွင့်လှစ်
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက COVID-19၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီးမံချက်(CERP) အရဖွင့် လှစ်သော တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာမှုများအားစစ်ဆေး
Aug 10,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့နံနက် ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖြူးမြို့အတွင်းတွင် မဲဆန္ဒရှင် စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်းသိရသည်။
မိုင်းဖြတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေးချစ်မြတ်နိုးသူများအသင်း(Book Club)မှ ပန်းလိုချင် အပင်ပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရပ်ကွက် ကျေးရွာများရှိ မဲဆန္ဒ ရှင်စာရင်း ကြေညာထားရှိမှုအား ကွင်းဆင်းကြည့်ရှု
Aug 10,2020
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် အဖွဲ့ဝင်များသည် ကံမမြို့နယ်အတွင်းရှိ မဲစာရင်းများ ကြေညာထား ရှိ သည့် ရပ်ကွက် ကျေးရွာများသို့ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်​ မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်​ဖော်ရေး ကော်မတီ(၈/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် (၈/၂၀၂၀)လအတွက် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ လက်ရှိ ဆောင်ရွက်နေမှု ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှုများ အတွက် လစဉ် ဆောင်ရွက်လျက်ရှိသော မြို့နယ် စီမံကိန်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်စည်ပင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။