သတင်းများ

အရာတော်မြို့၊ ရပ်ကွက်/​ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
ကလိန်အောင်မြို့ (Facility Quaratine Centre)၌ ပြည်ပပြန်များ၏ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်ဓာတ်ခွဲနမူနာများရယူ
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် အတွက်
စဉ့်ကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 14,2020
စဉ့်ကူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ထပ်မံတိုးမြှင့် ကြေညာလျက်ရှိရာ မဲစာရင်းလာရောက်ကြည့်ရှု စေရန်အတွက် ယမန်နေ့ နံနက် ၆ နာရီ အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၃၆)ဦးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၆)ဦး နှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၂၀)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၆)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
ဟိုပုံးမြို့နယ်တွင်နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၄၅၃၇)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော် အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၄၅၃၇)စု အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့တွင် ၂၀၂၀-၂၀၂၁ပညာသင်နှစ် မြို့နယ်အဆင့် Grade-4 သင်ရိုးသစ် (နောက်ဆက်တွဲ) သင်တန်းသင်ကြားပို့ချလျက်ရှိ
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး လူမှုဖူလုံရေးဦးစီးဌာနက ထားဝယ်မြို့ရှိ လူမှုဖူလုံရေးအဖွဲ့၌အကျုံးဝင်မှတ်ပုံတင် ထားသောအာမခံအလုပ်သမားများအား ဆဌမအကြိမ် လူမှုဖူလုံရေးထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ရုံးခန်း၌ ကျင်းပသည်။
အရည်အသွေးပြည့်မီသော သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဧက(၁၀၀) မျိုးစေ့ထုတ်မည့် တောင်သူများအား အရည်အသွေးပြည့်မီသော သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ် ခြင်း နည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက နောင်မွန်ကျေးရွာအုပ်စု၊ ဆမ်ဆိုင် ကျေးရွာရှိ ပရဟိတကျောင်း၌ သင်တန်း ၁ ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။