မိုးမိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး
Feb 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် မိုးကုတ်မြို့ ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိ ခွဲစိတ် ကုသရေးအဖွဲ့မှ မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။