ကချင်ပြည်နယ် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့ ရွှေကူမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး
Mar 07,2020
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရွှေကူမြို့နယ်သို့ ရောက်ရှိပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ကိုကိုမြင့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ်လမ်း တာဘောင်တင်ခြင်းလုပ်ငန်းအခြေအနေများနှင့် ပန်းတင်-မြိုင်သာ- ခေါလဲ-တာလီ-စင်းဖုတ် လမ်းဦးစီးလမ်းပေါ်တွင် နေထွန်းလင်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ကွန်ကရစ် တံတား ၄ စင်း တည်ဆောက်မှုအခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။