သတင်းများ

မိုင်းကိုင်မြို့နယ်၌ အရန်သားဖွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် အတွင်း ကျန်းမာရေး အသိပညာ ဗဟုသုတများ ပြန့်ပွားစေရေး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ အထိ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများ လွမ်းခြုံနိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက်က မြို့နယ် ပြည်သူ့ ဆေးရုံ၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသားဘတ်ဂျက် စာစောင်ဖြန့်ဝေ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း (Citizen Budget) စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ ဂါလံ ၂၈၀၀ လှူဒါန်း
Mar 17,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်မှုဖြင့် သောက်သုံးရေ လိုအပ်နေသည့် ထနောင်းကုန်းကျေးရွာအတွက် ရေဂါလံ ၂၈၀၀ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က နတ်မောက်မြို့ ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ကလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ကောလင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်​ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကာကွယ်​ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးရေး ညှိနှိုင်းဆွေးနွေး
Mar 17,2020
မိတ္ထီလာမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများအထိ အသိပညာပေးရေး ရည်ရွယ်ပြီး Action aid Myanmar နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က Action aid ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ စာစစ်ဌာန (၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား/သူ (၁၇၀၆)ဦးရှိ
Mar 17,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
မူဆယ်ခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နေ့တွင် ကျောင်းသားကျောင်းသူ (၂၃၅) ဦး ဖြေဆိုရန်ပျက်ကွက်
Mar 17,2020
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၃၅) ဦးရှိကြောင်း မူဆယ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ရေဦးမြို့နယ်တွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား (၂)စင်း ဆောင်ရွက်လျက်ရှိ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ် တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် လျက်ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။