ဖာပွန်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 28,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ "ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်" ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။