ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Feb 22,2020
ပြောင်းလဲတိုးတက်လာသော ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတတ်စေရန် ရည်ရွယ်၍ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာမ ကလျာအိအိလွင် ရေးသားသည့် “ကလေးငယ် များနှင့် နည်းပညာရိုက်ခတ်မှု” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။