သတင်းများ

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ အဋ္ဌမအကြိမ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ
Feb 24,2020
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ ၂၀၂၀ - ၂၀၂၃ အဋ္ဌမအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက SWEN HOTEL ၌ကျင်းပခဲ့သည်။
ဘုတလင်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယောဆရာတော်၏ ဓမ္မသဘင်ကျင်းပ
Feb 24,2020
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရှင်သိရိန္ဒာဘိဝံသ ယောဆရာတော်၏ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီအချိန်တွင် သာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
ဝက်လက်မြို့၌ မီဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ရွာသာကြီးကျေးရွာ စက်သုံးဆီများကို မီးဘေး လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေများ သင်ကြားပေးသည်။
ငပုတောမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဖြူး
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း၌ လျှပ်စစ်မရရှိဘဲ ထင်းသုံးစွဲ နေရသည့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ အိမ်ထောင်စု ၅၄၀၀၀ ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် (GAP) နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 24,2020
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် GAP နည်းပညာပေး ဆွေးနွေးပွဲကို နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး ကအဖွင့်အမှာစကား ပြောကြားရာတွင် GAP ဆိုသည်မှာ မြေပြင်ချိန်မှ စားသုံးသူလက်ဝယ် ရောက်သည် အထိ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာ ရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ဖြစ်ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ဖြစ်စေရန် (၁) အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ (၂) အာဟာရဓာတ် ပြည့်ဝရေး၊ (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၄) လုပ်သားတို့၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့သည် အရေးကြီး ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ကို လိုက်နာကျင့်သုံးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နောင်ချိုမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က GAP ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြးခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ်မှ GAP အသိအမှတ်ပြု လက်မှတ်ရရှိသော KK (+) ခြံအား အသိအမှတ်ပြုလက်မှတ်ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌ လူငယ်အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်
Feb 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ် အဘိဓမ္မာသင်တန်းကို အသိဉာဏ်ပညာတိုးတက်စေရန်နှင့် ကုသိုလ်တရားတိုးပွားစေရန် ရည်ရွယ်၍ လူငယ်အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းကို ယမန်နေ့ ညနေ(၄) နာရီခွဲအချိန်က ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်နှင့် (၅)ရပ်ကွက်ကြား၊ ပြည်တော်သာ ပတ်လမ်း၊ မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ခဲ့သည်။
မီးဘေးသင့်နေအိမ်အား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးအပ်
Feb 24,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်