မီးဘေးသင့်နေအိမ်အား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးအပ်

မိုးညို  ဖေဖော်ဝါရီ  ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင်ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာ၌ ယမန်နေ့ နံနက် (၇) နာရီ တွင်  မီးဘေးသင့်ခဲ့​​သော ပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) တစ်အိမ်ထောင်စာအား ယမန်နေ့ နေ့လယ် (၁၂) နာရီ ခွဲအချိန်တွင် မီးဘေးသင့်နေအိမ်၌ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (မိုးညို)