သတင်းများ

ဒီးမော့ဆိုမြို့မဈေးတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ
Feb 22,2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်းပန္နက်တင်ပွဲပြုလုပ်
Feb 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင် သုဿန်ဟောင်း မြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်းပြုလုပ်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီက ပန္နက်တင် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းမင်းဇော်တို့က အမှာစကားများ ပြောကြားခဲ့သည်။
ဒီးမော့ဆိုတွင် ငွေတောင်ဆည် အပါအဝင် ဆည်ကန်(၈) ခုနှင့် လျှပ်စစ်ရေတင်စနစ်တစ်ခု တို့မှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးရန်လျာထား
Feb 22,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန်များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကာမိုင်းမြို့၌ ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
Feb 22,2020
ဖားကန့်မြို့နယ်၊ ကာမိုင်း-ဖားကန့်သွား ကားလမ်းမပေါ်၌ ယနေ့နံနက်(၇)နာရီခွဲက (၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် သေဆုံးခဲ့ ကြောင်း သိရသည်။
ဆောမြို့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်ဖတ်ရှုလေ့လာသူများဖြင့် စည်ကား
Feb 22,2020
စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ဆောမြို့ ဒက္ခိဏာရာမရွှေစေတီကျောင်းတိုက်အနီး၊ ရှင်မာလဲဘုရားကွင်းပြင်၌ ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လာရောက်ဝယ်ယူ ဖတ်ရှုလေ့လာ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 22,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း သိရသည်။
ပဲခူးမြို့၌ e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Feb 22,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီ အချိန်က e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Feb 22,2020
ပြောင်းလဲတိုးတက်လာသော ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတတ်စေရန် ရည်ရွယ်၍ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာမ ကလျာအိအိလွင် ရေးသားသည့် “ကလေးငယ် များနှင့် နည်းပညာရိုက်ခတ်မှု” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။