ကနီ၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ယင်းသွင်ကျေးရွာအုပ်စုနှင့် ဒိုင်ကြီးကျေးရွာ အုပ်စုတို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ ယင်းသွင်ကျေးရွာတွင်အိမ်ခြေ (၈)လုံး၊ မိချောင်းပုန်းကျေးရွာတွင်အိမ်ခြေ (၂) လုံး နှင့် ဒိုင်ကြီးအုပ်စုမုံပင်ကျေးရွာတွင်အိမ်(၁)လုံးစုစုပေါင်းအုပ်စု(၂)စု မှ ရွာ ( ၃)ရွာ အိမ်ခြေပေါင်း( ၁၁) အိမ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။