သတင်းများ

ဗိုလ်တထောင်မြို့နယ် The Love Boat ဆိုင်၌ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေး
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းနားဥပစာလမ်း၊ အမှတ်(၅)ဗောတံတားတွင် ဆိုက်ကပ်ဖွင့်လှစ် ထားသော The Love Boat ဆိုင်၌ အောက်ဆီဂျင်ဓာတ်ငွေ့အား ဆိုင်ပိုင်ရှင်မှ" ဧရာစံ" အောက်ဆီဂျင်စက်ရုံနှင့် ဓာတ်ငွေ့မျိုးစုံဖြန့်ဖြူးရောင်းချရေးမှ အောက်ဆီဂျင် ဓာတ်ငွေ့ မှာယူပြီး ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၂ နာရီအချိန်အထိ အောက်ဆီဂျင် အမှန်တကယ် လိုအပ်သူ ( ၄၉ )ဦးအား ဦးစားပေးအလိုက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဥတ္တရသီရိမြို့နယ် ခုတင်-၅၀ ပြည်သူ့ဆေးရုံမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူဒေါက်တာ လင်းပြည်သိမ်းနှင့် တွေ့ဆုံးမေးမြန်းခြင်း
Jul 29,2021
မေး  -  ဥတ္တရသီရိမြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိပါရစေရှင့် ။
ကျောက်တန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ (၂) ရုံ ဩဂုတ်လအတွင်း တည်ဆောက်မည်
Jul 29,2021
 ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများလည်း မြင့်တက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်  လိုအပ် လျက်ရှိသော အောက်ဆီဂျင်ရရှိရေးအတွက်  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များမှအလှူငွေများနှင့်Oxygen Plant (၁)စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ​ပေး
Jul 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးမှုကိုမြို့နယ် အတွင်း  ကျောင်း တိုက်များမှ   သံဃာတော်များ၊   သီလရှင်များအား  ယနေ့နံနက်၉နာရီမှစတင်ကာ ပြည်နယ်ခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 
ဘားအံမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 29,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ဘားအံခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ ပူးပေါင်းပါဝင်လိုက်နာရမည့် အချက်များ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြောက်ပိုင်းရပ်ကွက် လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး စည်းကမ်း ချက်များနှင့်အညီ   ပင်စင်လစာများ ထုတ်ပေး
Jul 29,2021
ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ  အငြိမ်းစားဝန်ထမ်း များ၏  ပင်စင်လစာများကို အချိန်နှင့်တပြေးညီ ပုံမှန်ထုတ်ယူနိုင်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လူဦးရေးကန့်သတ်ဖြင့် ယနေ့အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။